ALA သို့ဂုဏ်ပြုခြင်း (သို့မဟုတ်) တော်လှန်စစ်ပွဲတိုင်း တရားသည်
၂၀၁၁ ခု ဇန်န၀ါ ပလ ၃ ရက်နေ့ကပေါ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် လက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင်ဖေါ်ပြသည် ဆိုသော သတင်းကို ဖတ်လိုက်ရတော့ ရင်ထဲတွင် ကျေနပ်လိုက်သောဖြစ်ခြင်း၊ ခုန်ပေါက်ရလောက်အောင် ကျေနပ်မိသည်။
ကျနော်သည်ရခိုင်လူမျိုးဖြစ်သည်၊အမျိုးကိုချစ်သည်။နှစ်ပေါင်း၂၀၀ကျော်အလွန်ကရခိုင်နိုင်ငံတော်ကိုမတရား သိမ်းပိုက်ကာ ထီးနန်းနှင့်အတူ မြို့တော်ကို မီးလောင်တိုက်သွင်းခဲ့သည့် အဖြစ်၊ရခိုင်အမျိုးသမီး မြောက်များစွာကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်။လင်ကောင်မပေါ်ပဲ သားမွေးစေခဲ့သည်...ရခိုင်သူများကို အတင်းအဓမ္မဖျက်ဆီးနေပုံများကို ပန်းချီ ပန်းပုများဖြင့် တမင်ဟန်ရေးပြ..ဂုဏ်ယူနေကြလျှက်ပင်ဖြစ်သည်။်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုလိုနီစနစ်နိဂုံးချုပ်ခဲပြီးဖြစ်သော်လည်း ရခိုင်နိုင်ငံတော်သည် ကျွန်ပုန်းကိုလိုနီ ဖြစ်နေရဆဲပင်။
မိမိ၏ဘ၀သရုပ်မှန်ကို သိအောင်ကြိုးစားသူများကို အကျည်းချ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများကို ခေါင်းမဖေါ်ဝံ့လောက်အောင် ရက်ရက်စက်စက် လုပ်ပြနေခြင်းပင် ရာသက်ပန် အမနာပ ပြုနေသော အရာ ခပ်သိမ်းသည် ကျန်ုပ်ရင်သို့ အဆက်မပြတ် ထိုးဖေါက်ဝင်ရောက်နေသောအခါ ကျန်ုပ်သည် ငြိမ်းချမ်း၍ ခွင့်လွှတ်ခြင်း သက်သက် ထားရန်မည်သို့မျှ မကြိုးစားနိုင်တော့ပေ။ မည်သည့် အချိန်၌မဆိုတုန့်ပြန်ချေပ လိုသော ဆန္ဒက ရက်ရှိသရွေ့တိုး၍သာလာလေသည်မှာတောက်ခေါက်ရသော အချိန်ပေါင်းလဲ ရေတွက် ရန်ပင်ခက်ခဲ့လှပါဘိ၊ထို့ကြောင့် ALA ရဲဘော်များ တိုက်ခိုက်ခဲ့သော သတင်း၊ရဲဘော်ခိုင်မြ၀င်းအသက်စွန့် လျှက် အမျိုးသားတာဝန်ကျေပွန်ခဲ့သော သတင်းများသည်ဂုဏ်ယူခြင်း၊ အားရခြင်းများဖြင့် ရင်ကိုကြက်သီြး ဖန်းဖြန်း ထစေခဲ့ခြင်းပင်ဖြစ်သည်။
ရခိုင်သည် နယ်စွန်နယ်ဖျားပြည်ငယ်တခု၊ မဟုတ် နိုင်ငံတခု ဖြစ်သည်။ ငယ်သည်ကို မပြောနှင့် စင်္ကာပူသော်မှ နိုင်ငံဟူ၍ ခံယူထားလျှင် ရခိုင်သည် ပို၍ ခံယူအပ်ပေသည်။ ပို၍ ထိုက်တန်ပေသည်။သို့သော် ကျန်ုပ်တို့ ဘ၀ကို ကျန်ုပ်တို့ကလွဲ၍ မည်သူမျှ တိတိကျကျ မခံစားနိုင် နားမလည်နိုင်သောကြောင့် မည်သူမျှ ကူညီ စောင်မရန် အလေးအနက် မရှိပေ၊ နိုင်ငံသားများမှာ သူများအိမ်တွင် အဖီဆွဲနေရသူများသာသာ ဖြစ်နေရပြီ။ အမှန်မှာ စပါးရှင်ကို မျောက်နှင် ထားခြင်းသာဖြစ်သည်။ ကမ္ဘာကို ရွာကြီးလုပ်၍ ဒိုင်လူကြီး လုပ် နေကြသော ယူအန် အပါဝင် မဟာကရုဏာရှင်များ အပေါင်းတို့သည်လည်း ခေတ်သစ်ယဉ်ကျေးမှု ဝေါးဟာရမျးဖြင့်ဖွဲ့စည်းထားသော ရွှေရည်စိမ်ဝါကျ များကို အရပ်လေးမျက်နှာကြည့်ကာ အလိုက်တသိ ရွက်ဆိုနေကြသောကြောင့် ရခိုင်နိုင်ငံနှင့် ရခိုင်နိုင်ငံကဲ့သို့သော ကျွန်ပုန်းကိုလိုနီနိုင်ငံများ လူမျိုးနွယ်စုများသည် လွတ်လပ်သော အရသာကို မခံစားရသေးပေ။ ဤသည်မှာ တရားပါ၏လော...ကိုလိုနီ ကျွန်ပုန်းဘ၀ဖြင့် မည်သည့် အချိန်ထိတိုင်အောင် ငရဲဒုက္ခဆိုးကို ခံစားနေရဦးမည်နည်း။ မည်သည့်အချိန်ကိုစောင့်၍ လွတ်မြောက် ခွင့်ရပေတော့မည်နည်း။
ကမ္ဘာကြီး နိဂုံးချုပ်တော့မည်အချိန်တွင်မည်သည့်အရာကို စောင့်၍အသက်ရှင်ရမည်နည်း စသောစသော မးခွန်းများ သည် ရခိုင်နိုင်ငံနှင့် တခြားတခြားသော နိုင်ငံငယ်များအတွက် အဖြေမဲ့နေဆဲပင်ဖြစ်သည်။ ခေတ် သစ်ယဉ်ကျေးမှု ဝေါဟာရအသစ်တလုံးက အကြမ်းမဖက်သော ငြိမ်းချမ်းရေး တဲ့လေ ဒါပေမဲ့ အကြမ်း ဖက် ခံထားရသူများအတွက် ကာကွယ်ခြင်းအလုပ်ကိုကား မတွယ်ကျယ်နိုင်သေး။ မျှော်လင့်ချက် မသေ ချာသောရခိုင်နို င်ငံကဲ့သို့သော နိုင်ငံများအတွက် တိုက်ခိုက်တော်လှန်ခြင်းသည် တခုတည်းသော ရွေးချယ်ရမည့်အလုပ်ဖြစ်
သည်။ တော်လှန်ရေးဖြင့် လွတ်လပ်လာကြသော နိုင်ငံတော်တော်များတွင် ခေါင်းဆောင် ကောင်းရှိ ကြပေသည်။
ဂန္ဓီကဲ့သို့သောခေါင်းဆောင်များသည် လက်နက်မဲ့ တိုက်သည်။ဟိုချီမင်း ၊ ကက်စထရိုကဲ့သို့ခေါင်းဆောင်များက လက်နက်နဲ့တိုက်သည်။ တိုက်ခိုက်ပုံချင်း မတူညီသော်လည်း တော် လှန်ရေးအချင်းချင်းက အတူတူပင်ဖြစ်သည်။ တော်လှန်ရေးသည်အဖိနှိပ်ခံပြည်သူများအတွက် ဖြစ်သည်။မတရားသောအနိုင်ကျင့်ဗိုလ်ကျလိုမှုမဟုတ်၊မတရား မှုများကို တရားသဖြင့် ရပိုင်ခွင့် ရှိသူများထံသို့ ပြန်လည်ပေးအပ်ရန်ကြိုးစားခြင်းဖြစ်သည်။ တဖန် မိမိဘ၀ကို မိမိ ပိုင်ဆိုင်ရန် သေချာသော အလျော်အစားလည်းဖြစ်သည်။ ရုန်းထခြင်းဖြစ်၍ အလိုဆိုးမပါ၊ အကျင့်ဆိုးအားပျောက်
ပျက်လားစေရန် အများအတွက် ရွယ်သော စေတနာကောင်းပင်ဖြစ်သည်။ ထို့ကြောင့်တော်လှန်သောစစ်ပဲတိုင်း တရားသည်ဟု ကျန်ုပ်ယုံကြည်သည်။ကျွန်ပုန်းကိုလိုနီစနစ်ဆိုးအား တိုက်ခိုက်သူ မည်သူ့ကိုမဆို ကျန်ုပ်ထောက် ခံသည် အသက် သွေးချွေး စတေးခဲ့သူ ဇာနည် ရဲဘော် ရဲမယ်များ အားလုံးကိုလဲ ကျန်ုပ်ဦးညွတ် အလေးပြုသည်။ တော်လှန်တိုက်ခိုက်မှုအားလဲ ကျနုပ် ဂုဏ်ပြုသည်။အဘယ့်ကြောင့်ဆိုသော် ကိုလိုနီကို လှန်သော တော်လှန်ရေး ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သို့သော်.........ငြိမ်းချမ်းရေးသည်သည်းခံခြင်း၌သက်တမ်းမကုန်ဆုံးသွားဟုဆိုလျှင် တော့ကျန်ုပ်သည် အမှန်ပင် လက်နက်ကိုင်တိုက်ခိုက်ခြင်းကို မလိုလားသူပင်ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင်တော့ ကျန်ုပ်သည် တိုက်ပွဲဆင်နေဦးမည်ဖြစ်သည တော်လှန်တိုက်ပွဲတိုင်းသည်လည်း ကျန်ုပ်အတွက်တရားမျှတနေပေ ဦးမည်။ တကယ်ကိုတရားမျှတ နေပေဦးမည်။
-------------
လင်းဇံ
Saturday, January 8, 2011
ALA သို့ဂုဏ်ပြုခြင်း (သို့မဟုတ်) တော်လှန်စစ်ပွဲတိုင်း တရားသည်
Posted by Burma Genocide on 4:13 AM




0 comments:
Post a Comment